Posts
Showing posts from November, 2018
ရဟန်းဝတ်ရသော အကျိူး (၁၃)မျိူး
ရဟန်းဝတ်ရသော အကျိူး (၁၃)မျိူး _________________________ ရဟန်းဝတ်ရခြင်းအကျိူးတရားကို သိချင်လို့ တောင်းဆိုထားတဲ့အတွက်  သာမညဖလသုတ်တော်မှာ လာသော ရဟန်းဝတ်ရခြင်း အကျိူးတရား ၁၃ မျိူးကို အကျဉ်းမျှ ဖော်ပြပေးလိုက်ပါတယ်။ မေးသူ -- အဇာတသက်မင်းကြီး ဖြေသူ-- မြတ်စွာဘုရား နေရာ -- ရာဇဂြို ဟ်ပြည်၊ ဇီဝက၏ သရက်ဥယျာဉ် အကြောင်းအရာ-- ရဟန်းဝတ်ရခြင်း၏ အကျိူး ဟောကြားသည့်နေ့--တန်ဆောင်မုန်းလပြည့်နေ့ ည ဟောကြားသည့်သုတ်--သာမညဖလသုတ်
မနာလိုစိတ်နဲ့ မှားယွင်းတဲ့လုပ်ရပ်၏ ဆိုးကျိုး
မနာလိုစိတ်နဲ့ မှားယွင်းတဲ့လုပ်ရပ်၏ ဆိုးကျိုး __________________________ ကြောက်စရာကောင်းတဲ့ အမှားအယွင်းဆိုတာ.. ဒေါသကြောင့် ဖြစ်စေ... ပြောင်လှောင်၍ ဖြစ်စေ ... တစ်ခုခုကြောင့် စိတ်ဆိုးမာန်ဆိုး ဖြစ်တဲ့ အခါကြောင့်ဖြစ်စေ ... လူတွေဟာ မှားယွင်းတဲ့ အလုပ်တစ်ခုကို လုပ်မိသွားတတ်တယ်။
ပဋ္ဌာန်း အကြောင်းသိကောင်းစရာ
ပဋ္ဌာန်းကို အများကြီးရွတ်ရင် ကိုယ့်အနားက အတွင်းစိတ်ဓာတ်မမှန်ကန်တဲ့သူတွေ မိတ်ဆွေတုတွေနဲ့ ဝေးစေတယ်။ အတွင်းဓာတ်ခံကောင်းတဲ့ မိတ်ဆွေစစ်တွေနဲ့ တွေ့စေတတ်တယ်။ လူတွေရဲ့ စိတ်တွေကို တဖြေးဖြေးသိလာတတ်တယ်။ ကိုယ်နဲ့ပတ်သတ်တဲ့ တခြားသူတွေရဲ့ အတွင်းစိတ်ဓာတ်တွေ အနာဂတ်မှာဖြစ်မှာတွေကို အိမ်မက်နဲ့ဖြစ်ဖြစ်သိလာတတ်တယ်။ နောင်ဘုရားဖူးလို့ ပဋ္ဌာန်းတရားဟောကြားတာကိုနာရရင်လည်း တိရစာ္ဆန် ဘဝရောက်နေရင်တောင် ကြည်ညိုစိတ်ဖြစ်ပြီး အဲဒီဘဝကနေ သုဂတိဘုံကိုရောက်နိုင်တယ်။ သုဂတိဘုံရောက်နေချိန် ဘုရားဟောတဲ့ ပဋ္ဌာန်းတရားနာကြားခွင့်ရရင် ရဟန္တာ အထိဖြစ်နိုင်တယ်။
နံနက်​ခင်းချိန်​ သြဝါဒ(ကထာ)
နံနက်​ခင်းချိန်​ သြဝါဒ(ကထာ) ။ ~~~~~~~~~~~~~~~~~~~~~~~~~~~ ။ ဘဝမှာ ကျေကျေနပ်နပ်ဖြစ်အောင်နေပါ။ ။ မကျေနပ်ရသည့်ဘဝများ မဖြစ်ပါစေနှင့်။ ။ အနေအထိုင် အပြုအမူကြောင့် စိတ်သံသယ မဖြစ်ပါနှင့်။ ။ ပြုမူချက်တွေလည်း ကြမ်းတမ်းညစ်ထေး မဖြစ်နှင့်။ ။ ဘဝမှာ ထာဝရမဟုတ်။ ။ ရလာသည့်ဘဝအကျိုးကို တန်ဖိုးသိသိ သုံးတတ်ပါစေ။ ။ အရှုံးအားလုံးနှင့် မရင်းနှီးပါနှင့်။ ။ အဆင့်ဆင့် ရင့်ကျက်လာမည့် စိတ်ဓာတ်ကို နှလုံးသွင်းပါစေ။ ။ သင်သည် အချိန်ပိုင်းလေးတစ်ခုကို တရားမွေ့လျော်သူဖြစ်ပါစေ။ တောင်​ကလေးဆရာတော်​ (၂၄.၁၁.၂၀၁၈)ရက်​နေ့။
နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား၏ဗုဒ္ဓဝင် အကျဉ်း
နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား၏ဗုဒ္ဓဝင် အကျဉ်း ၁။ ပွင့်ရာကမ္ဘာ -ဘဒ္ဒကမ္ဘာ ၂။ ဘုရားအမည်တော် -အဇိတ ၃။ ဘုရားဘွဲ့တော် -အရိံမေတ္တေယျ ၄။ မျိုးရိုး -ဗြာဟ္မဏပုဏ္ဏားမျိုး ၅။ ဖွားတော်မူရာတိုင်းပြည် -ကေတုမတီ ၆။ ခမည်းတော် -သုဗြဟ္မပုဏ္ဏားကြီး ၇။ မယ်တော် - ဗြဟ္မ၀တီပုဏ္ဏေးမကြီး ၈။ ပွင့်တော်မူရာဗောဓိ -ကံ့ကော်ပင် ၉။ ဓမ္မစကြာတရားဟောခြင်း- နာဂ၀န ကံ့ကော်တော ၁၀။ သစ္စာလေးပါးသိသော အပိုင်းအခြား - ကုဋေတစ်သိန်း ၁၁။ သာဝကအစည်းအဝေး -သုံးကြိမ် ၁၂။ အမျိုးသားသာဝက (အဂ္ဂသာဝက) -(၁) အသောက (၂) ဗြဟ္မဒေ၀ ၁၃။ အလုပ်အကျွေး - သီဟ ၁၄။ အမျိုးသမီးသာဝက (အဂ္ဂသာဝိကာ) -(၁) ပဒုမာ (၂) သုမနာ ၁၅။ ကိုယ်ရောင် -(၂၅) ယူဇနာ ၁၆။ အရပ်တော် - (၈၈) တောင် ၁၇။ ပါရမီဖြည့်ကာလ -(၁၆) အသင်္ချေနှင့် ကမ္ဘာ(၁)သိန်း ၁၈။ ဒုက္ကရစရိယာကျင့်ရက် -(၆) ရက် ၁၉။ သက်တမ်း -အနှစ်ရှစ်သောင်း ၂၀။ စည်းစိမ်ခံစားရာနှစ် -အနှစ်ရှစ်ထောင် ၂၁။ စံရာပြသာဒ် - သီရိဝဍ္ဎ, ၀ဍ္ဎမာန, သိဒ္ဓတ္ထ, စန္ဒက ၂၂။ ကြင်ယာတော် - စန္ဒမုခီ ၂၃။ သားတော် -ဗြဟ္မ၀ဍ္ဎန ၂၄။ တောထွက်သောယာဉ် -ပြသာဒ်။ အရှင်​စန္ဒာသိရီ (ဇိ​နောဒယ-ဧရာဝတီ)
🙏✿ သရဏဂုံဆိုတာ ✿🙏
Image
🙏✿ သရဏဂုံဆိုတာ ✿🙏 ════════════ သရဏဂုံရဲ့ အကျိုးတွေတင်ထားပြီး သရဏဂုံအကြောင်း ပြည့်ပြည့်စုံမတင်ရသေးလို့ ရှာပြီး တင်ပေးလိုက်ပါတယ် ... သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင် ဖြစ်သည်။ .👉သရဏဂုံအဓိပါယ်👈 ══════════ ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံ ဟုခေါ်သည်။ သရဏ = ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။ ဂမန = ယုံကြည်ဆည်းကပ်ခြင်း။ မြတ်စွာဘုရားသည် အားကိုးရာ သရဏ။ မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ။ သံဃာတော် အပေါင်းသည် အားကိုးရာ သရဏ။
Image
ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း
Image
ခင်ပွန်းကြီးဆယ်ပါးကန်တော့ခန်း ~~~~~~~~~~~~~~~~~~ 🙏 ရှင်တော်မြတ်ဘုရား ဘုရားတပည့်တော်တို့အား သနားသဖြင့် ပူဇော်ကန်တော့ခွင့်ကို ပေးတော်မူပါဘုရား။ (၃ ခေါက်) ❁ တပည့်တော်တို့သည် သံသရာအစမှ စ၍ ယနေ့တိုင်အောင် ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့၏အပေါ်၌၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတို့၏အပေါ်၌၊ အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့၏ အပေါ်၌၊ ပကတိသာဝက ရဟန္တာအရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံ တို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။ သာဓု ... သာဓု ... သာဓု
သရဏဂုံ_အကျိုး
# သရဏဂုံ_အကျိုး _________________ 🔴  ရှေးက ရောဟဏရွှာ လဲမှို့ကုန်သည်မှာ ဒတ္တမည်တဲ့ နွားလားကြီး တစ်ကောင်ရှိတယ် ။ ဒီနွားကြီးဟာ အခြားနွားတစ်ကောင်နဲ့ တွဲပြီး လဲမှို့လှည်းကြီးကို ရုန်းကာ သူ့သခင်ကို အလုပ်အကျွေး ပြုခဲ့ရှာတယ်။ တစ်နေ့မှာ ထုံစံအတိုင်း လဲမှို့အရောင်းထွက်ကြရာ ရွာအနီး ရွှံ့နွံဗွက်ကြီးအတွင်း ဒတ္တကြီးခမျာ နစ်မြုပ် သွားတော့တယ်။ ချော့လိုက်မော့လိုက်နဲ့ ရုန်းခိုင်းပေမဲ့ ဘယ်လိုမှ မရုန်းနိုင်ရှာပါဘူး။
“သီလတစ်ပါးပါးပျက်လျှင် ခံရသည့် အပြစ်ပြ၀တ္တုများ”
“သီလတစ်ပါးပါးပျက်လျှင် ခံရသည့် အပြစ်ပြ၀တ္တုများ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ၁။“ပါဏာတိပါ ကံပျက်လျှင် ခံရမည့် အပြစ်ပြ၀တ္တု” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ရှေးအခါက အိမ်ရှင်မတစ်ယောက်သည် ဧည့်သည်အတွက် ကျွေးမွေးရန် ဟင်းလျာမရှိသဖြင့် အိမ်မှာရှိသော သိုးကလေးကို သတ်၍ ချက်ပြုတ်ကျွေးမွေးခဲ့၏။ ထိုမကောင်းမှု ကံကြောင့် သေသောအခါ ထိုသိုးကလေး၏ အမွှေးအရေ အတွက်နှင့်အမျှ နှစ်ပေါင်းများစွာ ငရဲ၌ ခံရသည်။ ငရဲမှလွတ်သောအခါလည်း ဘ၀များစွာ သူတစ်ပါး အသတ်ခံရ၍ချည်း သေရသည်။
သရဏဂုံဆောက်တည်ပုံ မဟာစည်ဆရာတော်ဘုရားကြီး
သရဏဂုံဆောက်တည်ပုံ မဟာစည်ဆရာတော်ဘုရားကြီး ------------------------------------------------------------------- ‘ဘုရား’ ‘တရား’ ‘သံဃာ’ ရတနာမြတ် ၃-ပါးကို ဆည်းကပ် ကိုးကွယ်တာကို ‘သရဏဂုံ’လို့ ခေါ်တယ်။ ယခု #ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ #ဓမ္မံ သရဏံ ဂစ္ဆာမိ၊ #သံဃံ သရဏံ ဂစ္ဆာမိ”လို့ ဆိုရတာတွေဟာ သရဏဂုံတွေပါပဲ။ အဲဒီ သုံးပုဒ်ထဲက #ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - မြတ်စွာဘုရားကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါတယ်”လို့ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ -
ဝတ်ပြုရာဝယ် ၃ ကြိမ်ရှိခိုးကွယ်
ဝတ်ပြုရှိခိုးလျှင် ဘာကြောင့်သုံးကြိမ်ဦးချရသလဲ.... ____________________________________ ဗုဒ္ဓဘာသာဝင်တိုင်းသည် စေတီပုထိုး၊ ဘုရားဆင်းထုတော်၊ သံဃာတော်များ၊ မိဘဆရာ၊ သက်ကြီးဝါကြီး များကို ရှိခိုးကန်တော့ခြင်းသည် ဓလေ့ထုံးစံတစ်ခုကဲ့သို့ ပြုလုပ်ရခြင်းထက် ပိုပါသည်။ လုပ်ဆောင်အပ်သော ဝတ္တရား၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး၊ ဂုဏ်ယူဖွယ် လူမှုစရိုက်၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု အဖြစ် ထိန်းသိမ်းထားရှိရခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းဧ။် အဓိက ထမ်းဆောင်ရမည့် အထူးတာဝန်ကြီးတစ်ရပ်ပင် ဖြစ်သည်။