“သီလတစ်ပါးပါးပျက်လျှင် ခံရသည့် အပြစ်ပြ၀တ္တုများ”
“သီလတစ်ပါးပါးပျက်လျှင် ခံရသည့် အပြစ်ပြ၀တ္တုများ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။“ပါဏာတိပါ ကံပျက်လျှင် ခံရမည့် အပြစ်ပြ၀တ္တု”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရှေးအခါက အိမ်ရှင်မတစ်ယောက်သည်
ဧည့်သည်အတွက် ကျွေးမွေးရန်
ဟင်းလျာမရှိသဖြင့် အိမ်မှာရှိသော
သိုးကလေးကို သတ်၍ ချက်ပြုတ်ကျွေးမွေးခဲ့၏။
ထိုမကောင်းမှု ကံကြောင့် သေသောအခါ
ထိုသိုးကလေး၏ အမွှေးအရေ အတွက်နှင့်အမျှ
နှစ်ပေါင်းများစွာ ငရဲ၌ ခံရသည်။
ငရဲမှလွတ်သောအခါလည်း ဘ၀များစွာ
သူတစ်ပါး အသတ်ခံရ၍ချည်း သေရသည်။

(ကဗျာ)သူ့အသက်ကို သိလျက်သားနဲ့၊
ဒေါသစိတ်ထား သေစေလို၊
လုံ့လပြုကာ သေအောင်သတ်က၊
ပါဏာတိပါတ် အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လဲ ရောဂါစွဲ ဆင်းရဲအသက်တို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၂။ “အဒိန္နာဒါနကံပျက်လျှင် ခံရမည့် အပြစ်ပြ၀တ္ထု”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရှေးအခါက ဈေးသည်မိန်းမ လေးယောက်တို့သည်
မမှန်သော အလေး ချိန်ခွင်တို့ဖြင့် ရောင်းချပြီး
ပစ္စည်းများ စုဆောင်းကြသည်။
အရွယ်ကောင်းတုန်းမှာပင် သေလွန်၍ ပြိတ္တာဖြစ်ကြသည်။
မိမိတို့ ရှေးကပြုခဲ့သော မကောင်းမှုများကို
သိမြင်ရရုံသာမက ကျန်ရစ်သောယောင်္ကျားတို့က
နောက်မယားများယူကြပြီး မိမိတို့ ရှာဖွေစုဆောင်း
ထားသော ဥစ္စာပစ္စည်းများဖြင့် သုံးဖြုန်းပျော်ပါး
နေကြသည်ကိုပါ တွေ့မြင်ကြရသည်။
“ငါတို့မှာတော့ ဒီပစ္စည်းတွေကို
မတရားရှာဖွေခဲ့လို့ ဒုက္ခခံနေကြရပြီ။
သူတို့မှာတော့ နောက်မယားတွေနှင့် ပျော်ပျော်ပါးပါး
စားသုံးဖြုန်းတီးရက်ကြပါပေတယ်”ဟု
အော်ဟစ်မြည်တမ်း နေကြလေသည်။

(ကဗျာ)သူ့ဥစ္စာကို သိလျက်သားနဲ့၊
လောဘစိတ်ထား ခိုးယူလို။
လုံ့လပြုကာ ခိုးယူမိက၊
အဒိန္နာဒါန အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လဲ ဥစ္စာမွဲ ဆင်းရဲဖြစ်တိုင်းကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
လောဘစိတ်ထား ခိုးယူလို။
လုံ့လပြုကာ ခိုးယူမိက၊
အဒိန္နာဒါန အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လဲ ဥစ္စာမွဲ ဆင်းရဲဖြစ်တိုင်းကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၃။“ကာမေသုမိစ္ဆာစာရကံ ပျက်လျှင်ခံရမည့်အပြစ်ပြ၀တ္ထု”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
#ရှင်အာနန္ဒာလောင်းလျာသည် ကမ္ဘာတစ်သိန်းမျှ
ပါရမီဖြည့်ပြီးနောက် ကျွတ်တမ်းဝင်တော့မည့်
ဤကမ္ဘာမှာပင် တစ်ခုသောဘ၀၌ ရွှေပန်းထိမ်သည်
သားဖြစ်၏။ ထိုဘ၀၌ လူပေ လူတေတို့နှင့်ပေါင်းမိ၍
ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်မိသည်။
ထိုအကုသိုလ်ကံကြောင့် ရောရုဝငရဲ၌ နှစ်ပေါင်းများစွာ
ခံရပြီးနောက် လွတ်လာသောအခါ မျောက်ဖြစ်၍
ဝှေးစေ့ကို ကိုက်ဖောက်ခံရ၏။

နောက်တစ်ဘ၀၌ နွားဖြစ်၍ ဝှေးစေ့ထုတ်(သင်းကွပ်)ခံရ၏။
နောက်တစ်ဘ၀၌ လူဖြစ်သော်လည်း မိန်းမမဟုတ်၊
ယောင်္ကျားမဟုတ် နပုန်းပဏ္ဍုက်ဖြစ်ရသည်။
ငါးဘ၀မြောက်၌ ကုသိုလ်ကံအခွင့်ရ၍ နတ်ပြည်၌
ဖြစ်သော်လည်း ထိုကာမေသုမိစ္ဆာစာရကံကြောင့်
နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘ၀ဖြစ်ရသည်။
ထို့နောက်လူ့ပြည်၌ “ရုစာမင်းသမီး”ဖြစ်လာသည်။
ထို့နောက်မှ ယောင်္ကျားဘ၀ ပြန်ရသည်။
ကာမေသုမိစ္ဆာစာရကံကြောင့် ပါရမီရှင်ကြီးသော်မှ
ငရဲ၌ ခံရသည်ကိုသတိပြုကြပါလေ။

(ကဗျာ)ရှောင်ရှားအပ်သူ မိန်းမများ၌၊
ရာဂစိတ်ထား ပေါင်းဖေါ်လို။
လုံ့လထုတ်ကာ ကျူးလွန်ပြုက၊
ကာမေသုတဲ့ အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်က နပုန်းပ မိန်းမဖြစ်သကို၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
ရာဂစိတ်ထား ပေါင်းဖေါ်လို။
လုံ့လထုတ်ကာ ကျူးလွန်ပြုက၊
ကာမေသုတဲ့ အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်က နပုန်းပ မိန်းမဖြစ်သကို၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၎။ “မုသာဝါဒကံ ပျက်လျှင်ခံရမည့် အပြစ်ပြ၀တ္ထု”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရှေးလွန်လေပြီးသောအခါ ကသာပဘုရားရှင်
လက်ထက်တော်က ကိမိလပြည်သား သောတာပန်
ဖြစ်သော ဥပါသကာတစ်ယောက်သည်
ဥပါသကာ ငါးရာတို့နှင့် စိတ်တူ၊သဘောတူ
သစ်ပင်စိုက်ခြင်း ၊ တံတားခင်းခြင်း၊
ကျောင်းဆောက်လှူခြင်း စသော ကုသိုလ်
ကောင်းမှုများကို ပြုလုပ်ကြလေသည်။
ထိုငါးရာသောဥပါသကာတို့သည် မကြာမကြာ
ကျောင်းသို့သွား၍ တရားနာကြသည်။
ထိုသူတို့၏ မယားငါးရာလည်း လှူဖွယ်ဝတ္တုများဖြင့်
ရံဖန်ရံခါ ကျောင်းသို့သွားရောက်ပြီး တရားနာကြသည်။
လှူဒါန်းကြသည်။

တနေ့သောအခါ အရက်သမားတို့သည် ထိုငါးရာသော
မိန်းမတို့ကို မြင်လျှင်တပ်မက်ကြသဖြင့်
“အဘယ်သူသည် ထိုမိန်းမတို့၏ အကျင့်သီလကို
ဖျက်ဆီးနိုင်သနည်း”ဟု အချင်းချင်းပြောဆိုကြ၏။
တစ်ယောက်သောသူက “ငါ ဖျက်ဆီးနိုင်၏” ဟု ဆို၏။
ထိုသူတို့သည် အလောင်းအစားပြုပြီး နည်းမျိုးစုံဖြင့်
ထိုမိန်းမတို့ကို ဖြားယောင်း သွေးဆောင်
ဖျက်ဆီးကြလေရာ မိန်းမတစ်ဦး သီလပျက်ပြီး
အရက်သမားတစ်ယောက်နှင့်
ဖောက်ပြန်ကျူးလွန်မိလေတော့သည်။

ထိုအခါ ရှုံးသော အရက်သမားမှတဆင့် ထိုမိန်းမ၏
လင်ယောက်ျားကြားလေရာ မိမိမယားအားခေါ်၍
မေးလေလျှင် မဟုတ်မှန်ကြောင်း လိမ်လည်ပြောဆို၏။
လင်က မယုံလေသဖြင့် အနီးတွင်ရှိသည့်
နားရွက်ပြတ်သော ခွေးနက်ကြီးကို ပြလျက်
“ကျွန်မသည်တစ်ပါးသော ယောက်ျားနှင့် ဖောက်ပြန်
ကျူးလွန်မိ ပါက နောက်ဘ၀တွင် ဤခွေးနက်ကြီး
အစားခံရပါစေ”ဟု ထပ်မံကျိန်ဆိုပြန်လေသည်။
ဤသို့ ကျိန်ဆိုသော်လည်း လင်က မယုံသေးသဖြင့်
အဖေါ်ဖြစ်သော မိန်းမတို့အား မေးမြန်းပြန်ရာ
ထိုမိန်းမတို့လည်း သိလျက်နှင့်
“ကျွန်မတို့မသိပါ၊ ဤအတိုင်း မမှန်ပါက ထိုမိန်းမ၏
ကျွန်ဖြစ်ပါစေ”ဟု ကျိန်ဆိုကြလေ၏။
ဖောက်ပြန်လွန်ကျူးသော မိန်းမသည်
မကြာမီသေလွန်ပြီးလျှင် သီလစောင့်သောလင်ကို
လိမ်လည်မိသော မုသာဝါဒကံကြောင့်
ဟိမ၀န္တာတော ကဏ္ဍမုဏ္ဍအိုင်အနီး၌
“နတ်ပြိတ္တာမ” ဖြစ်လေသည်။

ကြွင်းသော မိန်းမ လေးရာကိုးဆယ့်ကိုးယောက်
တို့သည်လည်း မမှန်စကားကျိန်ဆိုမိသောကြောင့်
ထိုမိန်းမ၏ ကျွန်များ ဖြစ်လာကုန်၏။
ကာမဂုဏ်ဖောက်ပြန်မှုနှင့် မုသားဆိုခဲ့သော
ထိုမိန်းမတို့သည် တစ်ချိန်က ရတနာသုံးပါးအား
ကြည်ညိုပြီး တရားနာခဲ့ဖူးသော ကောင်းမှုကြောင့်
နေ့အခါ လွန်စွာကြီးကျယ်ခန်းနားသော
ရွှေဗိမာန်၌ နတ်စည်းစိမ်ကို ခံစားရသည်။
ညဥ့်အခါ ခွေးနက်ကြီး ကိုက်စားခံကြရလေသည်။
ထို့အပြင်ထိုမိန်းမတို့သည် နတ်စည်းစိမ်ခံစား
နေကြရသော်လည်း ယောက်ျားမရှိကြ။
ယောက်ျားနှင့် ကင်းကွာနေရသဖြင့် ပျော်ရွှင်မှုမရှိ။
ပျင်းရိငြီးငွေ့နေကြရကုန်၏။
#မုသာဝါဒသည် အကုသိုလ်အရာတွင်
အပြစ်အကြီးဆုံး ဖြစ်၍၊ သစ္စာစကားသည်
ကုသိုလ်အရာတွင် အကျိုးအကြီးဆုံး ဖြစ်သည်။

(ကဗျာ)မဟုတ်မမှန် တစ်ဘက်သားကို၊
ချွတ်ယွင်းလှည့်စား မုသားဆို၊
အဓိပ္ပါယ်ကို ထိုသူသိ၍၊
အကျိုးကိုထိ အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လဲ ပုပ်ညှီစွဲ သွားကျဲ နှုတ်ခမ်းတို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
ချွတ်ယွင်းလှည့်စား မုသားဆို၊
အဓိပ္ပါယ်ကို ထိုသူသိ၍၊
အကျိုးကိုထိ အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လဲ ပုပ်ညှီစွဲ သွားကျဲ နှုတ်ခမ်းတို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၅။“သုရာမေရယကံ ပျက်လျှင် ခံရမည့် အပြစ်ပြ၀တ္ထု”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဗာရာဏသီပြည်၌ ဘုရားလောင်းသည်
ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်သည်။
ဘုရားလောင်းသည် ဒါန သီလ စသော ကောင်းမှုတို့ကို
ပြုပြီးနောက် သေလွန်သောအခါ တာဝတိံသာ၌
သိကြားမင်းဖြစ်လေသည်။ ဘုရားလောင်း၏
သားသည် မိဘတို့ကွယ်လွန်သော် ကျန်ရစ်ခဲ့သော
ပစ္စည်းဥစ္စာများကို သေအရက်သောက်ကာ
သုံးဖြုန်းပစ်ခဲ့သည်။ ထိုငွေကုန်ပြန်သောအခါ
မြေ၌မြှုပ်ထားသော ကုဋေလေးဆယ်ကို ဖေါ်ထုတ်ပြီး
သေတင်းကုပ်ဆောက်သည်။

သူငယ်ချင်းအပေါင်းအသင်းများနှင့် ပျော်ပျော်ပါးပါး
အရက်သေစာ သောက်စားသည်။ အရက်မူးသောအခါ
ကျွမ်းသမား ကချေသည်တို့ကို အသပြာတစ်ထောင်
တစ်ထောင်စီပေးပြီး ဖျော်ဖြေစေသည်။
ဤသို့ဖြင့် သောက်စား သုံးဖြုန်းလာခဲ့ရာ
ကုဋေလေးဆယ်ကုန်ပြီး ဆင်းရဲမွဲတေသည့်ဘ၀သို့
ဆိုက်ရောက်ခဲ့သည်။ ပုဆိုးကြမ်းစုတ်ကိုဝတ်လျက်
ခွက်လက်ဆွဲကာ တောင်းစားရသည့်
သူတောင်းစားဘ၀သို့ ဆိုက်ရောက်သွားသည်။
နောက်ဆုံးအသေဆိုးနှင့်သေရသည်။

(ကဗျာ)မူးယစ်တတ်စွာ သေရည်များကို၊
မူးယစ်သောက်စား ဘိန်းရှူလို။
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့၊
မကောင်းစင်စစ် အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာစေဦး လူမေ့မူး အရူးဖြစ်တိုင်းကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။ ။

{Young Buddhist Association}
【ဗုဒ္ဓဘာသာ တရားတော် (အခြေခံအဆင့်)မှ-】
【ဗုဒ္ဓဘာသာ တရားတော် (အခြေခံအဆင့်)မှ-】
Comments
Post a Comment