နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား၏ဗုဒ္ဓဝင် အကျဉ်း

နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား၏ဗုဒ္ဓဝင် အကျဉ်း

၁။ ပွင့်ရာကမ္ဘာ -ဘဒ္ဒကမ္ဘာ
၂။ ဘုရားအမည်တော် -အဇိတ
၃။ ဘုရားဘွဲ့တော် -အရိံမေတ္တေယျ
၎။ မျိုးရိုး -ဗြာဟ္မဏပုဏ္ဏားမျိုး
၅။ ဖွားတော်မူရာတိုင်းပြည် -ကေတုမတီ
၆။ ခမည်းတော် -သုဗြဟ္မပုဏ္ဏားကြီး
၇။ မယ်တော် - ဗြဟ္မ၀တီပုဏ္ဏေးမကြီး
၈။ ပွင့်တော်မူရာဗောဓိ -ကံ့ကော်ပင်
၉။ ဓမ္မစကြာတရားဟောခြင်း- နာဂ၀န ကံ့ကော်တော
၁၀။ သစ္စာလေးပါးသိသော အပိုင်းအခြား - ကုဋေတစ်သိန်း
၁၁။ သာဝကအစည်းအဝေး -သုံးကြိမ်
၁၂။ အမျိုးသားသာဝက (အဂ္ဂသာဝက) -(၁) အသောက
(၂) ဗြဟ္မဒေဝ
၁၃။ အလုပ်အကျွေး - သီဟ
၁၄။ အမျိုးသမီးသာဝက (အဂ္ဂသာဝိကာ) -(၁) ပဒုမာ
(၂) သုမနာ
၁၅။ ကိုယ်ရောင် -(၂၅) ယူဇနာ
၁၆။ အရပ်တော် - (၈၈) တောင်
၁၇။ ပါရမီဖြည့်ကာလ -(၁၆) အသင်္ချေနှင့် ကမ္ဘာ(၁)သိန်း
၁၈။ ဒုက္ကရစရိယာကျင့်ရက် -(၆) ရက်
၁၉။ သက်တမ်း -အနှစ်ရှစ်သောင်း
၂၀။ စည်းစိမ်ခံစားရာနှစ် -အနှစ်ရှစ်ထောင်
၂၁။ စံရာပြသာဒ် - သီရိဝဍ္ဎ, ၀ဍ္ဎမာန, သိဒ္ဓတ္ထ, စန္ဒက
၂၂။ ကြင်ယာတော် - စန္ဒမုခီ
၂၃။ သားတော် -ဗြဟ္မ၀ဍ္ဎန
၂၄။ တောထွက်သောယာဉ် -ပြသာဒ်။

အရှင်​စန္ဒာသိရီ
(ဇိ​နောဒယ-ဧရာဝတီ)

Comments

Popular posts from this blog

လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

English လို ဘုရားရှိခိုးနည်း

မဂ္ဂင် ရှစ်ပါး အဓိပ္ပါယ်..