သရဏဂုံ_အကျိုး

🔴 ရှေးက ရောဟဏရွှာ လဲမှို့ကုန်သည်မှာ ဒတ္တမည်တဲ့ နွားလားကြီး တစ်ကောင်ရှိတယ် ။ ဒီနွားကြီးဟာ အခြားနွားတစ်ကောင်နဲ့ တွဲပြီး လဲမှို့လှည်းကြီးကို ရုန်းကာ သူ့သခင်ကို အလုပ်အကျွေး ပြုခဲ့ရှာတယ်။
တစ်နေ့မှာ ထုံစံအတိုင်း လဲမှို့အရောင်းထွက်ကြရာ ရွာအနီး ရွှံ့နွံဗွက်ကြီးအတွင်း ဒတ္တကြီးခမျာ နစ်မြုပ် သွားတော့တယ်။ ချော့လိုက်မော့လိုက်နဲ့ ရုန်းခိုင်းပေမဲ့ ဘယ်လိုမှ မရုန်းနိုင်ရှာပါဘူး။




🔴
 ကုန်သည်ကြီးကတော့ အမျိုးမျိုး
ဆဲရေးတိုင်းထွာ ရိုက်နှက်၍ ဒတ္တကြီးကို ရွံ့နွံထဲ
ပစ်ထားလျက်က အခြားသော နွားတစ်ကောင်ကို အစားထိုးလျှက် ခရီးဆက်သွားလေတယ်။
🔴 ဒတ္တကြီးခမျာ အမောဖောက်နေရာက မသေရုံ အားသွင်းလျှက် အသက်ကို မျဉ်းမျဉ်းရှုကာ ရွှံ့ဗွက်ထဲ ဝပ်နေရှာပါတယ်။
ဒါကိုသိတဲ့ အိုးကုန်သည်ကြီးက အိုးလုပ်ရာမှာ အောက်ခံဖျာအဖြစ်အသုံးပြုဖို့ ဒတ္တကြီးရဲ့ သားရေတွေကို အရှင်လတ်လတ် ခွာလှီးယူသွားပါတော့တယ်။
🔴 ဒီသတင်းကြားတဲ့ စောင်းသမားလေး က စောင်းကြိုးလုပ်ဘို့ဆိုပြီး သွေးသံရဲရဲ နွားကြီးရဲ့ အသားထဲက အကြောအမျှင်လေးတွေကို ဓားနဲ့ခွဲပြီး ဆွဲထုတ်ယူသွားပြန်ပါတယ်။
🔴 မုဆိုးကြီးတစ်ဦးကလည်း သူခွေးတွေအား
ပြည့်စေဖို့ နွားကြီးရဲ့ပေါင်သားတွေလှီးကာ ကျွေးမွေးဖို့ ယူသွားပြန်သတဲ့။
🔴 နွားကြီး ဒတ္တ မသေမှီကပင် လောကငရဲ ခံနေရရှာပါတယ် ။ အဲ့ဒီအချိန်မှာ...
ကိဋိဂီရိ တောင်ကနေ စူဠတိဿ မထေရ်ဟာ
မမြင်ရက် ကရုဏာသက်လေသဖြင့် သိပိတ်ဖြင့် ရေကိုယူကာ တိုက်ကျွေးရှာတယ်။
နွားကြီးအမောသက်သာလာချိန်မှာတော့
" ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ လို့ "
ရွတ်ဖတ်ပေးပြန်ပါတယ်။
နွားကြီးဟာ စူဠတိဿ မထေရ် သရဏဂုံ
#ရွတ်ဖတ်နေသံကို_နာခံလျှက်_စုတေသွားတော့ရာ
တာဝတိံသာနတ်ပြည်မှာ နတ်သားဘဝ
ရောက်သွားပါတော့သတဲ့။
🔴 နတ်ဖြစ်သွားတာနဲ့ မိမိ ဘယ်ဘဝက
လာခဲ့သလဲ ဘာကြောင့်နတ်ဘဝရလဲ ဆိုတာ
စဉ်းစားကာ နတ်မျက်စိနဲ့ ကြည့်လိုက်တော့ ...
🔴 လူ့ပြည်မှာ သူ့အလောင်းကြီး ကို
ခွေးစား ကျီးစား မြင်ရတယ်။ ရွှံ့နွံဗွက်ထဲနစ်
တာကအစ အိုးသည် စောင်းသမား မုဆိုး တို့နှိပ်စက်ကြပုံ အလယ် စူဠ တိဿမထေရ် ကယ်တင်ပုံအဆုံး အလုံးစုံ ပြန်မြင်လာတယ်။
ဒါနဲ့ ညရောက်တော့ နတ်တို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ထွန်းတောက်စေလျှက်က စူဠတိဿမထေရ် ကို သွားကန်တော့တယ်။ မထေရ် က သိပေမဲ့ "သင်ဘယ်သူလဲ "အမေး ရှိတယ်။
"တပည့်တော် နွားဘဝမှဖြစ်သော ဒတ္တနတ်သားပါဘုရား" သင်ငါ့ထံ ဘာကိစ္စ
ငါ့ထံလာသလဲ?
နတ်သားက "အရှင်ဘုရား သနားသဖြင့် ချီးမြှင့်သော သရဏဂုံ စိတ်တည်သဖြင့် တာဝတိံသာရောက်ခဲ့ပုံ | အကယ်၍ သရဏဂုံသာမက သီလပါခံယူခွင့်
ရလျှင် အထက် ယာမာ| တုသိတာအထိ ရောက်သွားနိုင်ပါတယ်ဘုရားလို့"
လျှောက်ကြားကာ ပျောက်သွားပါတော့တယ်။
#သရဏဂုံသုံးပါးရဲ့_ဂုဏ်ကျေးဇူးဟာ
လူကိုမဆိုထားနှင့် နွားသော်မှ အကျိုးခံစားခွင့်ရပုံကို သီဟိုဠ်ခေတ် သာသနာဝင်ဇာတ်လမ်းတစ်ပုဒ်က
သက်သေပြနေပါတယ် ။
ဗုဒ္ဓဘာသာဝင်မှန်သမျှကတော့
သြကာသ ကန်တော့ချိုး ဆိုရာတွင် သရဏဂုံ ဆောက်တည်ပြီး သီလ ခံယူလေ့ ရှိကြပါတယ်။ သရဏဂုံဆောက်တည်တယ်ဆိုတာ
တစ်နေ့ | တစ်ရက် | တစ်ထိုင်တည်းကိစ္စ
မဟုတ်ပါဘူး။ တစ်သံသရာလုံး နိဗ္ဗာန်
မရောက်မချင်း သရဏဂုံ ပွားနေရမှာပါ။
ထို့ကြောင့် " ဘုရား | တရား | သံဃာ" ဟူသော သရဏဂုံ သုံးပါးအား ဆည်းကပ်ခြင်းအား အစထား၍ တရားဓမ္မ တို့ကိုကျင့်ကြံပွားများကာနိဗ္ဗာန်အား
မျက်မှောက်ပြုနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းရင်း ကုသိုလ်ယူအပ်ပါတယ်။
Credit to oranginal writer

Comments

Popular posts from this blog

လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

English လို ဘုရားရှိခိုးနည်း

မဂ္ဂင် ရှစ်ပါး အဓိပ္ပါယ်..