သာသနာတော်ရဲ့ မျိုးစေ့လေး
အနာဂတ်သာသနာ ဟာ
သာသနာ့ဝန်ထမ်း
ဤသာမဏေငယ်လေးတွေအပေါ်မှာ
မူတည်ပါလိမ့်မယ်
ဒါကြောင့်
ဗုဒ္ဓ မြတ်စွာ
ဗုဒ္ဓ သာသနာတော်ကြီး
အဓွန့်ရှည်ကြာ.......တည်တန့်ခိုင်မြဲဖို့ဆိုရင်
သာသနာတော်ရဲ့
မျိုးစေ့လေးတွေဖြစ်တဲ့
ကိုရင်ငယ်လေးတွေ
သီလရှင်ငယ်လေးတွေကို
ကောင်းမွန်စွာ
အထောက်အပံ့ ပေးဖို့
မမေ့ကြနဲ့နော်
" ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု "
ဗုဒ္ဓ......ဗုဒ္ဓမြတ်စွာဘုရားရှင်၏
သာသနံ.......
ပရိယတ္တိ သာသနာ
ပရိပတ္တိသာသနာ
ပဋိဝေဓသာသနာ တည်းဟူသော
သာသနာတော် သုံးတန်သည်
စိရံ.......အနှစ်များမြောင်
ကာလကြာအောင်
တိဋ္ဌတု.........အရှည်တည်တန့်
ခိုင်မြဲပါစေသား
တေဇာနန္ဒ
(အညတရ ရဟန်းတစ်ပါး)
Comments
Post a Comment