လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ
ဘုရားရှင် ဘာကြောင့် အကုန်သိတာလဲ…
အသင်္ချေ
သင်္ချေဆိုတာ ရေတွက်နိုင်တယ်လို့ဆိုတယ်။
အသင်္ချေဆိုတော့ မရေတွက်နိုင်ဘူးလို့ပြောတာ။
ဘုရားမပွင့်တဲ့သုညကမ္ဘာ ၊ ဘုရားတစ်ဆူပွင့်တဲ့သာရကမ္ဘာ၊ ဘုရားနှစ်ဆူပွင့်တဲ့မဏ္ဍကမ္ဘာ၊
ဘုရားသုံးဆူပွင့်တဲ့ဝရကမ္ဘာ၊ ဘုရားလေးဆူပွင့်တဲ့သာရမဏ္ဍကမ္ဘာ၊ ဘုရားငါးဆူပွင့်တဲ့ဘဒ္ဒကမ္ဘာ ဆိုပြီးရှိရာမှာ ကမ္ဘာ ကြာတဲ့ကာလတစ်ခုဖြစ်ပါတယ်။ (ကကမ္ဘာက နောက်မှာ တွက်ပြပါမယ်)
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ဆိုတဲ့နေရာမှာ တွက်ပြပါမယ်။
ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမေဓာဘဝက နိယတဗျာဒိတ်တော်ခံယူတဲ့ ဒီပင်္ကရာဘုရားပွင့်တာ ဟာသာရမဏ္ဍကမ္ဘာဖြစ်တယ်။ ဘုရားလေးဆူပွင့်တယ်။
တဏှင်္ကရာ၊ မေဓင်္ကရာ၊ သရင်္ဏကရာ၊ ဒီပင်္ကရာ ဘုရားတွေပေါ့။
ဒီပင်္ကရာဘုရားရဲ့နောက်မှာ ကမ္ဘာပျက်ပြီးနောက် ပြန်ဖြစ်တဲ့ကမ္ဘာက
သုညကမ္ဘာဘုရားမပွင့်ဘူး။
အဲ့သုညကမ္ဘာပျက်ပြီးလည်း နောက်သုညကမ္ဘာပဲဆက်လာတယ်။
ဒီလိုမျိုး သုညကမ္ဘာတွေချည့်ဖြစ်တာ ဘယ်လောက်များမှန်းမသိတော့ဘူး။
အဲ့ဒါကို တစ်အသင်္ချေလို့ခေါ်တာ။
အဲ့သည်လောက် သုညကမ္ဘာဘယ်လောက်များများ ကြာသွားမှန်းမသိအောင်
အချိန်ကာလကြာပြီးတော့ သာရကမ္ဘာတစ်ခုဖြစ်လာတယ်။
ကောဏ္ဍညဘုရားတစ်ဆူပွငိ့ပြီးတော့ ကမ္ဘာပျက်တယ်။
အဲ့နောက်ကမ္ဘာတွေကသုညကမ္ဘာတွေ သူလည်းမရေနိုင်အောင်များပြီး
တစ်ခါအသင်္ချေဖြစ်ပြန်တယ်။
ပြီးတော့ သာရမဏ္ဍကမ္ဘာဖြစ်တယ်။
မင်္ဂလ၊ သုမန၊ ရေဝတ၊ သောဘိတ ဘုရားတွေပွင့်တယ်။
ပြီးတော့ ကမ္ဘာပျက်တယ်။ သုညကမ္ဘာမရေနိုင်အောင် လာပြန်တယ်။
တောက်တစ်အသင်္ချေပေါ့။ ပြီးတော့ ဝရကမ္ဘာဖြစ်လာတယ်။
အနောမဒဿီ၊ ပဒုမ၊ နာရဒ ဘုရားတွေပွင့်ပြီးကမ္ဘာပျက်တယ်။
သုညကမ္ဘာတွေမရေနိုင်ပြန်ဘူး။ နောက်တစ်အသင်္ချေပေါ့။နောက် သာရကမ္ဘာဖြစ်တယ်။ ပဒုမုတ္တရဘုရားပွင့်တယ်။
ကမ္ဘာပျက်ပြီးတော့ သုညကမ္ဘာတွေဖြစ်တယ်။
ကမ္ဘာပေါင်း ၆၉၉၉၉တိတိ သုညကမ္ဘာတွေချည့်ပဲ။
များပေမယ့် ရေနိုင်သေးလို့ အသင်္ချေလို့မခေါ်တော့ဘူး။
ဒီနောက်က မဏ္ဍကမ္ဘာ။ သုမေဓဘုရားနဲ့ သုဇာတဘုရားပွင့်တယ်။
ပြီးတော့ သုညကမ္ဘာပေါင်း ၂၈၁၉၉ ကြာပြီးမှ ဝရကမ္ဘာဖြစ် လာတယ်။
ပိယဒဿီ၊ အတ္ထဒဿီ၊ ဓမ္မဒဿီ ဘုရားတွေပွင့်တယ်။
ကမ္ဘာပျက်ပြီး ၁၇၀၅ကမ္ဘာ သုညကမ္ဘာဖြစ်ပြန်တယ်။
ပြီးမှ သာရကမ္ဘာဖြစ်တယ်။ သိဒ္ဓတ္ထဘုရား တစ်ဆူပဲပွင့်တယ်။
ကမ္ဘာပျက်ပြီးနောက် သုညကမ္ဘာ တစ်ခုလာတယ် ပျက်တယ်။
အဲ့သုညကမ္ဘာရဲ့နောက်က မဏ္ဍကမ္ဘာ တိဿဘုရား နဲ့ ဖုဿဘုရားပွင့်တယ်။
ပြီးတော့ ကမ္ဘာပျက်တယ်။
နောက်ကပ်လျက်ကမ္ဘာက သာရကမ္ဘာ။ ဝိပဿီဘုရားပွင့်တယ်။
ပြီးတော့ သုညကမ္ဘာပေါင်း ၅၉ခုကျော်ဖြတ်ပြီး သိခီဘုရား နဲ့ ဝေဿဘူဘုရားပွင့်တဲ့ မဏ္ဍကမ္ဘာရောက်လာတယ်။ ဒီမဏ္ဍကမ္ဘာ ကနေပျက်ပြီးတော့ပြီးတော့
သုညကမ္ဘာပေါင်း ၂၉ခုလွန်ပြီးမှ ဘဒ္ဒကမ္ဘာရောက်လာတယ်။
ကကုသန္ဓ၊ ကောဏာဂမဏ၊ ကဿပ၊ ဂေါတမ ဆိုပြီးဘုရားလေးဆူ
ပွင့်ပြီးပြီ ငါးဆူပြည့်ဖို့ အရိမေတ္တယျဘုရားတစ်ဆူကျန်သေးတယ်။
ဒီဘုရားပွင့်ပြီးမှ ကမ္ဘာပျက်မယ်။ ပျက်ပြီးပြန်ဖြစ်မှာက သုညကမ္ဘာ။
ထားပါတော့ လျှာရှည်နေတာနဲ့ လိုရင်းပျောက်တော့မယ်။
ပြောချင်တာက
(၁) ဒီပင်္ကရာဘုရားနဲ့ ကောဏ္ဍညဘုရားအကြား
(၂) ကောဏ္ဍညဘုရားနဲ့ မင်္ဂလဘုရားအကြား
(၃) သောဘိတဘုရားနဲ့ အနောမဒဿီဘုရားအကြား
(၄) နာရဒဘုရားနဲ့ ပဒုမုတ္တရဘုရားအကြား တွေက
သုညကမ္ဘာပေါင်းမရေမတွက်နိုင်တဲ့ ကာလတစ်ခုစီကို
အသင်္ချေလို့ခေါ်တာ။
လေးခါကြုံတာဖြစ်လို့ လေးအသင်္ချေပေါ့။
ပဒုမုတ္တရဘုရားနောက်ကမှ ကမ္ဘာတစ်သိန်း။
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိတိအချိန်မှာ ဘုရားပေါင်း ၂၄ဆူပဲပွင့်တယ်ဆိုတာ သတိပြုခဲ့ပါ။
[ဆရာအစဉ်အဆက် ဂဏန်းပြတာကတော့ တစ်အသင်္ချေဟာ တစ်နောက်မှာ
သုည အလုံးပေါင်း ၁၄၀ ရှိတယ်တဲ့။
လေးအသင်္ချေဆို လေးနောက်မှာ သုညအလုံးပေါင်း ၁၄၀ ရှိလိမ့်မယ်]
ကမ္ဘာအကြောင်းဆက်ပြောပါမယ်။
ကမ္ဘာ
☆☆
ကမ္ဘာဆိုတာ ကပ္ပကနေလာတာ ကပ်လို့ခေါ်ကြတယ်။
ကပ်တွေက အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ်
ဟာယနကပ် စသဖြင့်ရှိတယ်။
အာယုကပ်ဆိုတာက သက်တမ်းကိုပြောတာ။
လက်ရှိအာယုကပ်က ၇၅/၇၄ နှစ်လောက်ပေါ့။
ဂေါတမဘုရားလက်ထပ်ကအာယုကပ်က နှစ်ပေါင်း၁၀၀။
ကဿပဘုရားလက်ထပ်ကအာယုကပ်က နှစ်ပေါင်းနှစ်သောင်း။
နောက်ပ္ပင့်မယ့် အရိမေတ္တယျဘုရားလက်ထပ်အာယုကပ်က
အနှစ်တစ်သိန်း။
လူ့ပြည်ရဲ့အာယုကပ်က အသင်္ချေယျတမ်းကနေ ဆယ်နှစ်တမ်းအထိ
အတက်အကျရှိတယ်၊ အတိအကျမရှိဘူး။ နတ်ဗြဟ္မာ ငရဲစတာတွေတော့ အတိအကျရှိတယ်။ အန္တရကပ်က တက်ကပ်နဲ့ ဆုတ်ကပ်တစ်စုံကိုပြောတာ။
ကမ္ဘာဖြစ်စက လူတွေသက်တမ်းဟာ မရေနိုင်အောင်ရှည်တယ်၊ အသင်္ချေယျတမ်း။
အဲ့ကနေ တဖြည်းဖြည်းဆုတ်ပြီး (၁၀)နှစ်တမ်းအထိရောက်တာ ဆုတ်ကပ်။
(၁၀)နှစ်ကနေ အသင်္ချေယျကိုပြန်တက်တာ တက်ကပ်။
ဒီ ၂ခု တစ်စုံက အန္တရကပ်။ အသင်္ချေယျကပ် စောန အန္တရကပ်ပေါင်း (၆၄)ကပ်ကို အသင်္ချေယျကပ်လို့ ခေါ်တယ်။ နည်းနည်းလျှာထပ်ရှည်ပါရစေဗျာ။
အသင်္ချေယျကပ်တစ်ကပ်ကို ကေစိဆရာတွေကတော့ အန္တရကပ် (၂၀)
အပေရေတွေက အန္တရကပ် (၈၀) ဝေဒကျမ်းဆရာတွေက အန္တကပ် (၁၄) ကပ် လို့ဆိုတာတွေရှိသေးတယ်။ ဝါဒမတူတာလေးတွေ ရှိကြောင်းပြောပြတာပါ။
မဟာကပ် အသင်္ချေယျကပ် လေးကပ်ကို မဟာကပ်လို့ခေါ်တာ။
အဲ့မဟာကပ်ကိုပဲ တစ်ကမ္ဘာဆိုတဲ့ ကြာချိန်အနေနဲ့သုံးတာ။
တစ်ချို့က တစ်ကမ္ဘာဟာ ၆၄ကပ်လို့ပြောတယ်။
တကယ်တော့ ၆၄ကပ်ဆိုတာ အသင်္ချေယျ တစ်ကပ်စာပဲရှိသေးတယ်။
တစ်ကမ္ဘာက သူ့ရဲ့ လေးဆပိုကြာတယ် ၂၅၆ ကပ်။
တက်ကပ်ဆုတ်ကပ် စုစုပေါင်း ၅၂၁ကပ်ရှိတယ်။
မဟာကပ်(တစ်ကမ္ဘာ)က ကြာလွန်းလို့
ကြာချိန်ကို ယောင်ယောင်လေးသိအောင် ဥပမာပေးပြောထားတာရှိတယ်။
ယူဇနာ ၁၀၀ (မိုင်ပေါင်း ၁၃၀၀/၈၀၀) ကျယ်တဲ့ ဂိုထောင်ကြီးထဲကို
မုန်ညင်းဖြူစေ့တွေ အပြည့်ထည့်ပြီး နှစ်တစ်ရာနေမှ တစ်လုံးထုတ်ရင်တောင်
မုန်ညင်းဖြူစေ့တွေသာကုန်သွားမယ် တစ်ကမ္ဘာကြာချိန် မကုန်သေးဘူး။
နောက်တစ်ခါ ယူဇနာ ၁၀၀ (မိုင်ပေါင်း ၁၃၀၀/၈၀၀) ကြီးတဲ့ ကျောက်တုံးကြီးကို အင်မတန် နူးညံ့တဲ့ ဝါဂွမ်းလေး နဲ့ နှစ်တစ်ရာမှ တစ်ခါလာပွတ်ရင်တောင် ကျောက်တုံးကြီးသာပွန်းပြီးပျောက်သွားမယ်။
တစ်ကမ္ဘာမပြီးသေးဘူးတဲ့။ (ယူဇနာက နောက်မှာ တွက်ပြပါမယ်)
တစ်ကမ္ဘာကြာချိန်ကို သိလောက်ရောပေါ့။
ဒါဆိုကမ္ဘာတစ်သိန်းက ဘယ်လောက်ကြာမလဲ။ သုညကမ္ဘာပေါင်း မရေနိုင်တော့ လို့ အသင်္ချေလို့ သတ်မှတ်လိုက်တဲ့ကာလဟာ
ဘယ်လောက်ကြာမလဲ မှန်းကြည့်ပေါ့ဗျာ။
ယူဇနာ
တစ်ယူဇနာကို (၈)မိုင်နဲ့ တွက်တဲ့သူရှိသလို၊ (၁၀)မိုင်၊ (၁၂)မိုင်၊(၁၃)မိုင် နဲ့(၁၄)မိုင်အထိဖြေကြတာလည်းတွေ့ရပါတယ်။ ဒီအဖြေကိုတွက်ချက် ဖို့အတွက် အတိုင်းအတာယူနစ်ကို သိရပါမယ်။ ယူဇနာနဲ့မိုင်ဟာ စနစ်မတူဘူးဆိုတာလည်းသိရမယ်။ ယူဇနာဆိုတာ မြန်မာ့အကွာ အဝေးတိုင်းအတာယူနစ်တစ်ခု ဖြစ်ပါတယ်။ မူရင်းကတော့ အိန္ဒိယပါ။
မိုင်ဆိုတာကတော့ဗြိတိသျှ စနစ်ဖြစ်ပါတယ်။ သူတို့ရဲ့ စနစ်တစ်ခုစီ ကိုသေချာသိမှ ရှာလို့ရပါမယ်။ မြန်မာ့အတိုင်းအတာ ယူနစ်ဟာ အလွန်သေးငယ်တဲ့ ဆံပင်ခြည် ကနေစပြီးတိုင်းပါတယ်။
(၁၀)ဆံခြည် = (၁)နှမ်း
(၆)နှမ်း = (၁)မုယော
(၄)မုယော = (၁)လက်သစ်
(၈)လက်သစ် = (၁)မိုက်
(၂)မိုက် = (၁)ထွာ
(၂)ထွာ = (၁)တောင်
(၄)တောင် = (၁)လံ
(၇)တောင် = (၁)တာ
(၂၀)တာ = (၁)ဥဿဘ
(၂၀)ဥဿဘ = (၁)ကောသ
(၄)ကောသ = (၁)ဂါဝုတ်
(၄)ဂါဝုတ် = (၁)ယူဇနာ
(လံနှင့်တာကို သတိပြုပါ တောင်ဖြင့်သာယူသည်)
သို့ဖြစ်၍
(၄၄၈၀၀)တောင်= (၁)ယူဇနာ
ဗြိတိသျှစနစ်ကတော့
(၁၂)လက်မ = (၁)ပေ
(၃)ပေ = (၁)ကိုက်
(၂၂)ကိုက် = (၁)သံကြိုး
(၁၀)သံကြိုး = (၁)ဖာလုံ
(၈)ဖာလုံ = (၁)မိုင်
သို့ဖြစ်၍
(၆၃၃၆၀)လက်မ = (၁)မိုင်
သာမန်(၁)တောင်မှာ (၁၈) လက်မ ရှိပါတယ်။
[သံတောင်(၁၉)လက်မနဲ့ ဆင်တောင်(၂၀)လက်မကတော့
မဆိုင်လို့ ထည့်မပြောတော့ပါဘူး]
(၄၄၈၀၀)တောင်ဆိုလျှင် (၈၀၆၄၀၀)လက်မ ရှိပါမယ်။
[၄၄၈၀၀×၁၈=၈၀၆၄၀၀]
(၈၀၆၄၀၀)လက်မကို မိုင်နဲ့ တွက်ပါက ၁၂.၇၂၇၂၇၂၇မိုင်
[၈၀၆၄၀၀÷၆၃၃၆၀=၁၂.၇၂၇၂၇၂၇]
ထို့ကြောင့် (၁)ယူဇနာမှာ (၁၂)မိုင်ခွဲကျော်ကျော်ရှိတယ်ဆိုတာ
သိရလို့ အနီးစပ်ဆုံးတန်ဖိုးယူပြီး (၁၃)မိုင်လို့ပြောတာမှန်ပါတယ်။
နောက်တစ်ချက်က အိန္ဒိယကိုသွားပြီး ဘုရားဟောထဲက တစ်ယူဇနာ ဆိုတာကို မိုင်နဲ့တိုင်းကြည့်တော့ (၈)မိုင်ပဲရှိတာကိုတွေ့ရပါတယ်။
ဒါကြောင့် (၈)မိုင်လည်းမှန်ပါတယ်။ တစ်ယူဇနာကို (၁၃ သို့ ၈)မိုင်လို့ပဲ ယူဆလိုက်ပါတယ်။
ဂေါတမဘုရားရှင်ဟာ ဒီပင်္ကရာ ဘုရားထံက နိယတဗျာဒိတ်ခံပြီး လေးအသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းပါရမီ မဖြည့်ခင်ရှေ့မှာ နှုတ်တွေ စိတ်တွေနဲ့ ၇အသင်္ချေ ၉အသင်္ချေတွေ ပါရမီဖြည့် ထားရပါတယ်။ ဒီလိုဆို ဂေါတမ ဘုရားလောင်းဟာ အသင်္ချေ ၂၀ နဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်တယ်လို့ ဆိုလိုပါတယ်။
ပညာဓိကဘုရားပါ။ တခြား သဒ္ဓါဓိက ဘုရားတွေ ဝီရိယာဓိက ဘုရားတွေဆိုလည်းရှေ့က ၁၆အသင်္ချေ ထည့်ပေါင်းပြီး ၂၄အသင်္ချေ၊ ၄၂အသင်္ချေအထိ ပါရမီဖြည့်တယ်လို့သိရပါမယ်။
ပါရမီဖြည့်ခြင်း
မဟာသာဝကတွေကကမ္ဘာ တစ်သိန်း
အဂ္ဂသာဝကတွေက တစ်အသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း
ပစ္စေကဗုဒ္ဓတွေက နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
သမ္မာသမ္ဗုဒ္ဓဘုရားတွေက လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း(အထက်တွင်ပိုအကျယ်ပြသည်)
မဟာသာဝကတွေထက် အဂ္ဂသာဝကတွေက ပါရမီဖြည့်တာ အချိန်လည်းပိုကြာတယ်။ ပိုလည်းပြင်းထန်တယ်။ အဂ္ဂသာဝကထက် ပစ္စေကဗုဒ္ဓက ပိုသာတယ်။
သမ္မာသမ္ဗုဒ္ဓဘုရား ပါရမီဖြည့်ပုံကိုတော့ ဘယ်သူမှ မမီဘူး။
ဒီတော့ အရဟတ္တမဂ် ရတဲ့အခါလည်း ထက်မြက်ပုံကကွာတယ်။
မဟာသာဝကတွေက ပညာဖြစ်စေ တန်ခိုးဖြစ်စေ အလွန်တော်တယ်။
အဂ္ဂသာဝကကျတော့ ပညာဖြစ်စေ တန်ခိုးဖြစ်စေ အတော်ဆုံးပဲ။
(ဘုရားကို ထည့်မတွက်ရပါဘူး)
ဒါပေမယ့် ဒီရဟန္တာကြီးတွေကတော့ အရဟတ္တမဂ်အတွက် သမ္မာသမ္ဗုဒ ဘုရားဆီက တရားနာမှရတယ်။ ပစ္စေကဗုဒ္ဓဘုရားတွေကျတော့ အရဟတ္တမဂ်မှာ သူများပြောမှ သိတာမျိုးမဟုတ်ဘူး။ ကိုယ်တိုင်သိတာ။
ဒါပေမယ့် သူတပါးကိုတော့ တရားရအောင် ဟောမပေးတတ်ဘူး။
သံဝေဂဉာဏ်ဖြစ်အောင်တော့ ဟောကြတယ်။
(သာဝကတွေက တရားဟောတတ်တာ သူတို့ ကိုယ်ပိုင်ဉာဏ်မဟုတ်ဘူး၊
သမ္မာသမ္ဗုဒ္ဓဘုရားဆီကနေ ယူဟောတာ)
သမ္မာသမ္ဗုဒ္ဓဘုရားကတော့ အလုံးစုံလည်းသိတယ်၊ သိတိုင်းလည်းမပြောဘူး။
နားလည်နိုင်လောက်မယ့် ဟာကို စရိုက်၊ ဝါသနာ လိုက်ပြီးဟောပေးနိုင်တယ်။
သာသနာတစ်ရပ်ထူထောင်ပြီး တရားရတဲ့အထိဟောပေးနိုင်တယ်။
အကျိုးပေးကွာရခြင်း
အကျိုးပေးကွာဆို ပါရမီဖြည့်တဲ့ကာလနဲ့ ဖြည့်ပုံကွာတာကိုး
ဒါနကိုပဲကြည့် ရိုးရိုးဒါနနဲ့ ပါရမီမြောက်တဲ့ဒါနရှိတယ်။
ဒါနပါမီမှာကို ရှိသမျှပစ္စည်းကြိုက်သလောက်လှူ ဒါနပါရမီ
မိမိခန္ဓာကနေလှူရင် ဒါနဥပပါရမီ အသက်အထိလှူရင် ဒါနပရမတ္ထပါရမီ
သုမေဓာဘဝက ကိုယ်ကိုဝပ်စင်း တံတားခင်းပြီးပေးတယ်ဆိုတာ
တစ်ယောက်နှစ်ယောက် အနင်းခံဖို့မဟုတ်ဘူး။
အညောင်းအညာပြေချင်လို့ မဟုတ်ဘူး။ ဒီပင်္ကရာဘုရားနဲ့တကွ ရဟန္တာလေးသိန်း အနင်းကို ခံရတာ။ တံတားအလှူ ဗွက်မပေစေအောင်။
အသက်ကို အဆုံးလို့ တွက်ထားရတာ။
ယုန်မင်းဘဝရောကြည့်။ ဒါမျိုးတွေ အများကြီးဖြည့်တာ။
ပါရမီအကြောင်း အကျယ်သိချင်ရင် မဟာဗုဒ္ဓဝင် ပထမတွဲ-ပထမပိုင်းမှာ
စာမျက်နှာပေါင်း ၃၅၁ မျက်နှာနဲ့ ရှင်းထားတာရှိပါတယ်။
ယသောဓရာဖြည့်ပုံနဲ့ရပုံကိုကြည့်ရင် ဘုရားကို ပိုကြည်ညိုသွားမယ်။
ယသောဓရာ
ဘုရားအလောင်းတော်နဲ့ ဒီပင်္ကရာ ဘုရားထံမှာ မတွေ့ခင်ကတည်းက
ပါရမီ အတူ ပြုခဲ့တာကိုတော့ သဘောပေါက်လောက်ပါတယ်။
ဘုရားလောင်းအတွက် သူဟာအများကြီး ဆုတောင်းပေးခဲ့တယ်။
ကုသိုလ်ကံတွေ များစွာ မရေမတွက်နိုင်အောင် ပြုခဲ့တယ်။
ဘုရားလောင်းအတွက်လည်းပြုပေးတယ်။
မလျောက်ပတ်တာကို ရှောင်ကြဉ်တယ်။
မကျင့်သင့်တာကို တားမြစ်တယ်။
ဘုရားလောင်းအတွက်ဆို အသက်ပါစွန့်တယ်။
ကုဋေအထောင်မကတဲ့ဘဝပတ်လုံး သူတပါးမယားအဖြစ် လှူတာ
ခံရတာတောင် ဘုရားလောင်းအတွက် ပါမီဖြည့်ပေးတာပါပဲဆိုပြီး
စိတ်ထားမဖောက်မပြန် လိုက်သွားခဲ့တယ်။
ကျွန်အဖြစ်၊ အစားအစာအဖြစ် ပေးလှူတာကိုလည်း အသက်စွန့်တဲ့အထိ
ပါရမီဖြည့်တယ်။
ဘုရားလောင်အတွက်အသက်စွန့်တယ် ဘေးလွတ်ရာရဖို့ အသက်စွန့်တယ်။
ခြေလက်အဂါင်္ တန်ဆာဆင်အပ်တဲ့ အဝတ်အမျိုးမျိုး များစွာသောမိန်းမတန်ဆာ
စတာတွေကိုလည်း မလျှို့ဝှက်ခဲ့ဘူး။
ဘုရားလောင်းအတွက်နဲ့ ဥစ္စာစပါး၊ ရွာနိဂုံး၊ လယ်ယာ၊ သားသမီး၊ ဆင်မြင်း၊
ကျွန်အလုပ်အကျွေးတွေ စွန့်လွှတ်ခဲ့ရတာ မရေနိုင်ဘူး။
လှူမယ်လို့ လာတိုင်ပင်လို့လည်း ကုန်မှာကြောက်တဲ့ စိတ်မဖြစ်ဘူး။
ဘုရားလောင်းကို ပါရမီကုဖြည့်ရလို့ သံသရာမှာ အထူးထူးအပြားပြား
ဒုက္ခပေါင်းများစွာ ခံစားရတာလည်း မရေနိုင်ဘူး။
ဘုရားလောင်းသုခဖြစ်ရင် သူဝမ်းမြောက်တယ်။
ဘုရားလောင်းကြောင့်သူဒုက္ခဖြစ်လည်းဝမ်းမနည်းဘူး။
အေးအတူပူအမျှ ခံစံပေးခဲ့တယ်။
ဗြဟ္မဒေဝ၊ ဂေါတမ(အရင်က) အစရှိတဲ့ ဘုရားပေါင်း ကုဋေတစ်သိန်းရှစ်ဆယ့်ငါးဆူကိုလည်းကောင်း၊
ရှစ်ထောင်ငါးရာ သုံးဆယ့် ခုနစ်ကုဋေကိုလည်းကောင်းသူ ဖြတ်သန်းပြီး ပါရမီဖြည့်ခဲ့တယ်။
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာမှ ဘုရားပေါင်း ၂၄ဆူပဲ တွေ့ရတာဖြစ်လို့
အခုလောက်ဘုရားတွေကိုဖူးခဲ့ရတယ်ဆိုတော့ အသင်္ချေပေါင်းဘယ်လောက်ပါရမီဖြည့်သလဲ စဉ်းစားကြည့်ရင် ကြက်သီးထစရာပါ။
ဘုရားလောင်းနဲ့ အတူတူအဲ့လောက်ပါရမီဖြည့်ခဲ့ပါတယ်။ ပစ္စေကဗုဒ္ဓပေါင်း ၆၄ကုဋေဆီမှာရောပဲ။ ဒီတော့ ဒီလောက်ကြီး ပါရမီဖြည့်မှတော့ ယသောဓရာထေရီမှာ ယခုနောက်ဆုံးဘဝ အလုံးစုံသော အာသဝတို့ ကုန်းခမ်းပြီ၊
နောက်ခန္ဓာအသစ်တဖန် ဖြစ်ပေါ်ခြင်းမရှိတော့ဘူး။
အတ္ထပဋိသမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါ၊ နိရုတ္တိပဋိသမ္ဘိဒါ၊ ပဋိဘာနပဋိသမ္ဘိဒါတွေပြည့်စုံပြီ။
ဣဒ္ဓိဝ္ဓ(အဘိညာဉ်)ရှိတယ်။
ဒိဗ္ဗစက္ခုအဘိညာဉ်ရှိတယ်။
ဒိဗ္ဗသောတ အဘိညာဉ်ရှိတယ်။
စေတောပရိယဉာဏ်ရှိတယ်။
ရှေး၌နေဖူးသမျှ ခန္ဓာအစဉ်ကို သိတယ်။
မဟာသာဝကကြီးတွေ အလွန်ဆုံးသိမှ ကမ္ဘာတစ်သိန်းပဲသိတယ်။
ယသောဓရာထေရီကတော့ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် အဂ္ဂသာဝကကြီးနှစ်ပါးကိုအမှီလိုက်ပြီး သိတယ်။
ဒီလိုသိတာ အရှင်ဗာကုလမထေရ်ရောပါမှ တစ်သာသနာလုံး ဒီလေးပါးပဲသိတယ်။ အရှင်မ ယသောဓရာထေရီက မဟာသာဝကတွေရော၊ မဟာသာဝိကာတွေရော၊ အဂ္ဂသာဝိကာတွေထက်ပါကျော်လွန်ပြီး သိပါတယ်။
ဘုရားလောင်းကို ပါရမီကူဖြည့်ရတဲ့ သူတောင် ဒီလောက်ကြိုးကြိုး
စားစားဖြည့်ပြီး ဒီလို အစွမ်းတွေရှိတာပဲ။
တကယ်ဖြည့်တဲ့ ဘုရားလောင်းက ဘယ်လောက် ကြိုးစားပြီးဖြည့်ခဲ့မလဲ။
အရဟတ္တမဂ်မှာတွဲပါလာတဲ့ သဗ္ဗညုတဉာဏ်က အလုံးစုံသိတယ်ဆိုတာ
မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။

မျှဝေခြင်းအတွက် ကျေးဇူးတင်ပါတယ်
ReplyDeleteခင်ဗျား အသက် ရှိသေးလားဗျ အခု အချိန်မှာ စက်ဝိုင်းအတွင်းထဲကလူလား
ReplyDeleteမေးချင်တာရှိတယ် အခုတွက်တဲ့ကမ္ဘာအချိန်ကတစ်လုံးထဲကိုတွက်တာလား ခုကျွန်တော်တို့နေ့တဲ့ကမ္ဘာကပျက်ပြီးပြန်ဖြစ်လာတာကိုပြောတာလားအဲ့ဖြစ်လာတဲ့ကမ္ဘာအချိန်ကိုဘဲတွက်တာလား စကြာဝဠာကြီးကလည်းမဆုံးနိုင်အောင်ရှိတယ် အဲ့ထဲမှာလည်းကမ္ဘာတွေမရေတွက်နိုင်အောင်ရှိလောက်တယ် အဲ့ဟာတွေနဲ့ရောဆိုင်လား ဒီကမ္ဘာမှာသေပြီးနောက်လူဘဝကျတော့ရောဒီကမ္ဘာမှာဘဲပြန်ဖြစ်နိုင်လား
ReplyDeleteမည်သည့်ယွင်းချက်မှမရှိရင် ဒီ ၃၁ ဘုံထဲပဲပြန်ဝင်စာမှာပါ
Delete