မဂ္ဂင် ရှစ်ပါး

 မဂ္ဂင် ရှစ်ပါးမှာ
၁။ သမ္မာဒိဌိ = သစ္စာတရားလေးပါးကို ကောင်းစွာမြင်ခြင်း။ မှန်ကန်သောအယူရှိခြင်း။
၂။ သမ္မာသင်္ကပ္ပော = ဝိတတ်သုံးပါးမှ ကင်း၍ ကောင်းသောအကြံကို ကြံခြင်း။

၃။ သမ္မာဝါစာ = ဝစီဒုစရိုက်လေးပါးမှ ကြဉ်၍ ကောင်းသောစကားကိုပြောဆိုခြင်း။
၄။ သမ္မာကမ္မန္တော = ကာယဒုစရိုက်သုံးပါးမှ ကြဉ်၍ ကောင်းသောအမှုလုပ်ခြင်း။
၅။ သမ္မာအာဇီဝေါ = အဓမ္မိက ဝါဏိဇ္ဇငါးပါးမှ ကြဉ်၍ အသက်မွေးခြင်း။
၆။ သမ္မာဝါယမော = ကုသိုလ်တရားတို့ကို ဖြစ်အောင် လုံ့လပြုခြင်း။
၇။ သမ္မာသတိ = နီဝရဏတရား စသည်တို့ကို အဖန်ဖန်အောက်မေ့ခြင်း။
၈။ သမ္မာသမာဓိ = ကုသိုလ်တရားကို အာရုံ၌ တည်ကြည်မြဲမြံစွာ ထားနိုင်ခြင်းတို့ ဖြစ်ပါတယ်။

{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }

   “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘဝသံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။

     ဦးသိန်းဝေ။

   “အဓိဌာန်”
     ========
ငါ့တွက်များမြောက်  ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်  အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ   သာသနာ၏
ရှည်စွာအဓွန့်   ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား   ငါကြိုးစားသည်
စိတ်ထား  ငါ့မှာ  အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)

Comments

Popular posts from this blog

လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

English လို ဘုရားရှိခိုးနည်း

မဂ္ဂင် ရှစ်ပါး အဓိပ္ပါယ်..