" တောင်းဆုခြွေ "

ပန်းဖြစ်သော်
မြတ်နိုးစွာ
ပန်ဆင်သူရှိသောအရပ်၌
ပွင့်ရပါစေသား။

မြားတစ်စင်းဖြစ်သော်
သစ္စာတရားများ
ပစ်ခွင်းနိုင်သော
လေးထက်မှ
သစ္စာမြားတစ်စင်း
ဖြစ်ရပါစေသား။

ငါသေခဲ့သော်
ငါ့သမိုင်းက
ဒီကမာ္ဘမြေကြီးနဲ့ လူ့ပတ်ဝန်းကျင်အား
အမှိုက်တစ်စ အဖြစ်
မကျန်ရစ်ခဲ့နိုင်ပါစေသား။

နောင်သံသရာ၌
လူဖြစ်ခွင့်ရှိသော်
မြတ်ဗုဒ္ဓရဲ့တရားဓမ္မ
စည်ပင်ထွန်းကားသောအရပ်၌
မွေးဖွားရပါစေသား။

Comments

Popular posts from this blog

လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

English လို ဘုရားရှိခိုးနည်း

ပျူစောထီးမင်း