" ​သေခါနီးလူသို့ အား​ပေးစကား​ပြောခြင်း "

" ​သေခါနီးလူသို့ အား​ပေးစကား​ပြောခြင်း "
*******************************

အားပေးစကား
လူတွေဟာ အနေတတ်ဘို့လိုသလို
အသေတတ်ဘို့လိုသေးတယ်တဲ့။
ဒါကြောင့်မြတ်စွာဘုရားက ဒီသုတ္တန်မှာ
အနေတတ်ဘို့လိုသလို
အသေတတ်ဘို့လိုသေးတယ်တဲ့။



အေး..နေမကောင်းထိုင်မသာဖြစ်ပြီးတော့
ရောဂါဝေဒနာဖြစ်နေတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို
ပညာရှိတဲ့ မိတ်ဆွေတစ်ယောက်က
အားပေးစကားပြောသင့်တယ်။
အကျိုးရှိလို့ပြောတာ။
အားပေးစကားပြောရမှာ။



မြန်မာပြည်မှာ တချို့သေငယ်ဇောနဲ့မျောနေတဲ့လူတစ်ယောက်ကို
အားပေးစကားမပြောပဲနဲ့
ဘဏ်စာအုပ် ဘယ်နားထားခဲ့လဲလို့မေးတယ်။
လက်ကောက်တို့ စိန် နားကပ်တို့ဘယ်နားထားတုန်း။
သေတဲ့လူ ဖြောင်ပါ့မလား အဲ့လိုမေးရင်။

ဘုန်းကြီးတွေလည်း ပျံလွန်တော်မူခါနီးရင်
ကျောင်းကို ဘယ်သူ့အပ်ခဲ့မှာတုန်းက လာသေးတာ။

အဲ့တာ အားပေးစကားဖြစ်ပါ့မလား။
မတူဘူး..။ တွန်းလွှတ်တာနဲ့တူနေတယ်။
အဲ့တာမျိုး မဖြစ်သင့်ဘူးတဲ့။
တကယ်က အားပေးစကားပဲပြောရမယ်။

ဒါဖြင့် အားပေးစကားပြောရမယ်ဆိုရင်
ဘယ်လိုအားပေးစကားပြောရမလဲဆိုတော့
အချက် ( ၄ ) ချက်နဲ့ပြောရမယ်။
လူ ဥပသကာကို အချက်လေးချက်နဲ့ပြောရမယ်။
လူဝတ်ကြောင်တွေဆိုရင်။

၁။ မင်းမှာ ဘုရားအပေါ်မှာ နှစ်နှစ်ကာကာနဲ့
အသိဉာဏ်နဲ့ဘုရားအပေါ်မှာ
ယုံကြည်တဲ့ သဒ္ဒါတရားတွေရှိနေတယ်။
ဘာမှ ကြောက်စရာမလိုဘူး။
စိတ်အေးလက်အေးနေနိုင်တယ်။
မကောင်းတဲ့ဘ၀ ဘယ်တော့ မှမရောက်ဘူး
အဲ့တာတွေက ကယ်သွားလိမ့်မယ်။
ဒါလေးကို အားကိုး။
ဘယ်လိုအားပေးတာလဲဆိုတော့
မြေအိုးကိုခွဲ၍ ရွှေအိုးကြီးကို ရယူသလိုပဲတဲ့။

၂။ နောက်တစ်ချက်က ဘာမှအားမငယ်နဲ့.
မင်းမှာ ဓမ္မအပေါ်မှာ ယုံကြည်တဲ့
အသိဉာဏ်သက်ဝင်တဲ့
သဒ္ဒါတရားတွေရှိတယ်တဲ့။
ဓမ္မကို နှစ်နှစ်ကာကာ ယုံကြည်တယ်။
မြတ်စွာဘုရားဟောတဲ့ တရားသည်
ဘယ်တော့မှ လွဲမှားတာ မရှိဘူးတဲ့။
ကုသ်ိုလ်ကောင်းမှု လုပ်တဲ့ပုဂ္ဂိုလ်ဟာ
အားငယ်စရာ ဘာတစ်ခုမှ မရှိဘူးတဲ့။
ကုသိုလ်တွေက ကြိုနေကြမှာတဲ့။
ဘယ်ဘုံကို သွားသွား ကိုယ်လုပ်ထားတဲ့ ကုသိုလ်တွေ
ကိုယ့်ရင်ထဲ နှလုံးထဲမှာ စိတ်ဓာတ်ထဲမှာ
ဖြူစင်ပြီးတော့ ကုသိုလ်တွေက ကိုယ့်ကို ကြိုနေကြမှာ။
ကောင်းတာတွေ လုပ်တဲ့ အချိန်ကစပြီးတော့
နှလုံးသွင်းလိုက်မယ်ဆိုရင် စိတ်ဟာ ကြည်နူးဖွယ်ဖြစ်တယ်။

၃။နောက်တစ်ခု အားပေးစကားက
ဘာမှ မပူနဲ့စိတ်ထဲမှာ….။အားတင်းထား။
မင်းမှာ ကိုယ်ကျင့်တရားတွေရှိနေတယ်။
ငါးပါးသီလ ဘယ်တော့မှ မဖောက်ဖျက်ဘူး လုံခြုံတယ်။
ဟိုတုန်းက မလုံခြုံတောင် ခု ဆောက်တည်လိုက်ရင် လုံခြုံသွားပြီ။
ဟိုတုန်းက မလုံခဲ့လို့ ခု အိပ်ယာထဲ လှဲနေချိန်မှာ
ငါးပါးသီလ ဖောက်ဖျက်တာ ရှိသေးလား ?
ကိုယ်မှ သေငယ်ဇောနဲ့မျောနေတာ။
ခြင်လေးတွေ ဘာတွေ သတ်ဦးမလား?
စိတ်ဟာ မကောင်းတာတွေနဲ့ ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့
ကောင်းတာတွေ လုပ်တဲ့ အချိန်ကစပြီး ဆောက်တည်လိုက်မယ်ဆိုရင်
စိတ်ဟာကြည်နူးဖွယ်ဖြစ်တယ်။
ကိုယ့်သီလ လေးကို အာရုံပြု။
တစ်ချိန် တစ်ခါတုန်းက ငါးပါးသီလလေး ချိုးဖောက်ခဲ့ပေမဲ့လို့
ဒီအချိန်မှာ မချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်
နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်က ဖြစ်လာတာ။

၄။ဘာဆက်ပြောရမလဲဆိုတော့
လူတွေဆိုတာ အတွယ်အတာလေးတွေရှိတတတ်တယ်။
ဥပမာ မယ်….မိဘတွေဆိုရင် သားသမီးတွေ အပေါ်မှာတွယ်တာတယ်။
အိမ်ထောင်ဦးစီးတွေဆိုရင် သားမယားတွေ အပေါ်မှာ တွယ်တာတယ်။
အဲ့ဒါကျရင်ပြောတဲ့။
မိဘတွေ အပေါ်မှာ တွယ်တာသလား ?
မတွယ်တာဘူးလား ?ဆိုတဲ့
စိတ်ရှိသလား မရှိဘူးလားမေးတဲ့။
ရှိနေသေးတယ်ဆိုရင်
အဲ့တွယ်တာတဲ့စိတ်ကို မထားပါနဲ့တဲ့။
သတ္တဝါဆိုတာ ကိုယ့်ကံနဲ့ကိုယ်လာတာ။
တွယ်တာပြီးတော့ မနေပါနဲ့တဲ့။
တွယ်တာနေလဲ သေမှာပဲ။
မတွယ်တာနေလဲ သေမှာပဲတဲ့။
သေမှာ အတူတူတော့ တွယ်မနေပါနဲ့လို ပြောရမယ်။
(ဒါပေမဲ့ ခုခေတ် အဲ့လိုပြောရင် ရန်များလုပ်နေမလားမသိဘူးနော်။)

သားမယားအပေါ် တွယ်တာတဲ့စိတ်ရှိလား ? မရှိဘူးလား?ဆိုတာမေးတဲ။
သားမယားအပေါ် တွယ်တာတဲ့စိတ်ရှိလည်း သေမှာပဲ။
မတွယ်တာတဲ့စိတ်ရှိလည်း သေမှာပဲတဲ့။
သေမဲ့ အတူတူ လွတ်လွတ်ကျွတ်ကျွတ် ဘယ်သူ့အပေါ်မှ
မတွယ်နဲ့တဲ့။အားလုံးစိတ်ကို လွတ်လွတ်ကျွတ်ကျွတ် လွှတ်လိုက်ပါလို့ပြော။

စိတ်ရဲ့ အတွယ်အတာက တော်တော်ဆိုးတယ်။
ဗမာတွေမှာ ပြောနေကြတယ်လေ။
၇ ရက်တိတိ အိမ်ပေါ်က မဆင်းဘူးလို့။
မကျွတ်ဘူးလို့။
အတွယ်အတာ ရှိရင်တော့ ဖြစ်တက်တယ်။
လူတိုင်း မဆင်းတာတော့ မဟုတ်ပါဘူး။
မကောင်းတဲ့ အကုသ်ိုလ်တွေများတဲ့လူကြတော့
တစ်ခါတည်းဆင်းသွားတာပေါ့။


(ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒာမာလာဘိဝံသ)

Comments

  1. Welding Titanium, and Moulding Steel
    This ford ecosport titanium is an exciting welding metal. The ford ecosport titanium stainless steel ti89 titanium calculators version is durable enough to infiniti pro rainbow titanium flat iron fit all aluminum surfaces with black titanium ring a thicker layer of consistency.

    ReplyDelete

Post a Comment

Popular posts from this blog

လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

English လို ဘုရားရှိခိုးနည်း

မဂ္ဂင် ရှစ်ပါး အဓိပ္ပါယ်..