ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး ------------------------------------ ၁။ တာဝတိံသာနတ်ပြည် နတ်မင်းကြီး၏ မိဖုရားအဖြစ်ကိုရခြင်း။ ၂။ စကြာမင်း၏ မိဖုရားအဖြစ်ကို ရခြင်း။ ၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်း အဖြစ်ကို ရခြင်း။ ၄။ ကြာညို ပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အလွန် အဆင်း လှခြင်း။ ၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင်စဖွယ် ရှိခြင်း။ ၆။ မြတ်သော အမျိုး၌ ဖြစ်၍ အလင်းရောင်ကို ဆောင်နိုင်ခြင်း။ ၇။ မောင်းမ တစ်ထောင်တို့၏ အကြီးအမှူးဖြစ်ခြင်း။ ၈။ မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာ တို့ကို ရရှိခြင်း။ ၉။ ဆွမ်းလှူ ခဲ့သည့် အချိန်မှစ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက်ရခြင်း။ ၁၀။ လူဘဝနှင့် နတ်ဘဝ နှစ်မျိုး တို့၌သာ ကျင်လည်ခဲ့ ရခြင်း။ ၁၁။ များသော စည်းစိမ်း ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း။ ၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ရခြင်း။ မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။ အရှင်ကဝိသာရ နွေဦးမေတ္တာ #ကောင်းကျိုးလိုရာဆန္ဒပြည့်ပါစေ။ 🙏လုံးစုံများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေ...