Posts

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ

Image
ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ ═════════════ ❖ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။ ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့---

ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး

ဆွမ်းလောင်းရခြင်း အကျိုး (၁၂)ပါး ------------------------------------ ၁။ တာဝတိံသာနတ်ပြည် နတ်မင်းကြီး၏ မိဖုရားအဖြစ်ကိုရခြင်း။ ၂။ စကြာမင်း၏ မိဖုရားအဖြစ်ကို ရခြင်း။ ၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်း အဖြစ်ကို ရခြင်း။ ၄။ ကြာညို ပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အလွန် အဆင်း လှခြင်း။ ၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင်စဖွယ် ရှိခြင်း။ ၆။ မြတ်သော အမျိုး၌ ဖြစ်၍ အလင်းရောင်ကို ဆောင်နိုင်ခြင်း။ ၇။ မောင်းမ တစ်ထောင်တို့၏ အကြီးအမှူးဖြစ်ခြင်း။ ၈။ မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း ကျောင်း အိပ်ရာနေရာ တို့ကို ရရှိခြင်း။ ၉။ ဆွမ်းလှူ ခဲ့သည့် အချိန်မှစ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင် ဒုဂ္ဂတိဘဝသို့ မလားရောက်ရခြင်း။ ၁၀။ လူဘဝနှင့် နတ်ဘဝ နှစ်မျိုး တို့၌သာ ကျင်လည်ခဲ့ ရခြင်း။ ၁၁။ များသော စည်းစိမ်း ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း။ ၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ရခြင်း။ မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။ အရှင်ကဝိသာရ နွေဦးမေတ္တာ #ကောင်းကျိုးလိုရာဆန္ဒပြည့်ပါစေ။ 🙏လုံးစုံများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေ...

သာသနာ​တော်​ရဲ့ မျိုး​စေ့​လေး​

အနာဂတ်​သာသနာ ဟာ သာသနာ့ဝန်​ထမ်း ဤသာမ​ဏေငယ်​​လေး​တွေအ​ပေါ်မှာ မူတည်​ပါလိမ့်မယ်​ ဒါ​ကြောင့် ဗုဒ္ဓ မြတ်​စွာ ဗုဒ္ဓ သာသနာ​တော်​ကြီး အဓွန့်ရှည်​ကြာ.......တည်​တန့်ခိုင်​မြဲဖို့ဆိုရင်​ သာသနာ​တော်​ရဲ့ မျိုး​စေ့​လေး​တွေဖြစ်​တဲ့ ကိုရင်​ငယ်​​လေး​တွေ သီလရှင်​ငယ်​​လေး​တွေကို ​ကောင်းမွန်​စွာ အ​ထောက်​အပံ့ ​ပေးဖို့ မ​မေ့ကြနဲ့​နော်​ " ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု " ဗုဒ္ဓ......ဗုဒ္ဓမြတ်​စွာဘုရားရှင်၏ သာသနံ....... ပရိယတ္တိ သာသနာ ပရိပတ္တိသာသနာ ပဋိ​ဝေဓသာသနာ တည်း​ဟူ​သော သာသနာ​တော်​ သုံးတန်​သည်​ စိရံ.......အနှစ်​များ​မြောင်​ ကာလကြာ​အောင်​ တိဋ္ဌတု.........အရှည်​တည်​တန့် ခိုင်​မြဲပါ​စေသား ​တေဇာနန္ဒ (အညတရ ရဟန်းတစ်​ပါး)

လူချင်းတူသော်ငြားလည်း

👤 လူရယ်လို့ ဖြစ်လာရင်  သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်။ သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်။ ဒါ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။ သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်၊ ဘယ်လောက်ပဲ အနစ်နာခံ ကြိုးစားကြိုးစား လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူး။ ဒါကြောင့်မလို့ သူများအကြိုက်ကိုဆောင်ဖို့ သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။ သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။ သိထားဖို့က သူများပါးစပ်ဖျားပေါ်က  👉 သင်ဟာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ 👉 သင်အစစ်အမှန် မဟုတ်ပါဘူး။ လူဆိုတာ 👁 မျက်စိချင်းတူသော်ငြားလည်း အမြင်ချင်း မတူပါဘူး။ 👂 နားပေါက်ချင်းတူသော်ငြားလည်း ကြားပုံချင်းမတူပါဘူး။ 👄 ပါးစပ်ချင်းတူသော်ငြားလည်း ပြောဆိုပုံချင်း မတူပါဘူး။ 🧠 ဦးနှောက်ချင်းတူသော်ငြားလည်း အယူအဆချင်းမတူနိုင်ပါဘူး။ 👤 လူချင်းတူသော်ငြားလည်း အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး။ ဒီအတွက်ကြောင့် ▪️ သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်ပြီး နားလည်တဲ့လူနဲ့ တွေ့ဦးမှ... ▪️ သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ.. ▪️ သင်ဘယ်လောက်ပဲ ရိုးသားရို...

လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

ဘုရားရှင် ဘာကြောင့် အကုန်သိတာလဲ… အသင်္ချေ သင်္ချေဆိုတာ ရေတွက်နိုင်တယ်လို့ဆိုတယ်။ အသင်္ချေဆိုတော့ မရေတွက်နိုင်ဘူးလို့ပြောတာ။ ဘုရားမပွင့်တဲ့သုညကမ္ဘာ ၊ ဘုရားတစ်ဆူပွင့်တဲ့သာရကမ္ဘာ၊ ဘုရားနှစ်ဆူပွင့်တဲ့မဏ္ဍကမ္ဘာ၊ ဘုရားသုံးဆူပွင့်တဲ့ဝရကမ္ဘာ၊ ဘုရားလေးဆူပွင့်တဲ့သာရမဏ္ဍကမ္ဘာ၊ ဘုရားငါးဆူပွင့်တဲ့ဘဒ္ဒကမ္ဘာ ဆိုပြီးရှိရာမှာ ကမ္ဘာ ကြာတဲ့ကာလတစ်ခုဖြစ်ပါတယ်။ (ကကမ္ဘာက နောက်မှာ တွက်ပြပါမယ်) လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ဆိုတဲ့နေရာမှာ တွက်ပြပါမယ်။ ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမေဓာဘဝက နိယတဗျာဒိတ်တော်ခံယူတဲ့ ဒီပင်္ကရာဘုရားပွင့်တာ ဟာသာရမဏ္ဍကမ္ဘာဖြစ်တယ်။ ဘုရားလေးဆူပွင့်တယ်။

English လို ဘုရားရှိခိုးနည်း

#အင်္ဂလိပ် + #မြန်မာ ဘုရားရှိခိုး ဗုဒ္ဓဘာသာလူမျိုးတိုင်း english လို ရှိခိုးနည်းကို အနည်းဆုံး အပေါ်ဆုံး ၃ ကြောင်းတော့သိထားသင့်ပါတယ် (A) THE COMMON PRAYER အများသုံးဘုရားရှိခိုး 1. May I worship the Buddha. မြတ်စွာဘုရားကို ရှိခိုးပူဇော်ပါ၏ 2. May I worship the Dhamma. တရားတော်ကို ရှိခိုးပူဇော်ပါ၏ 3. May I worship the Samgha. သံဃာတော်ကို ရှိခိုးပူဇော်ပါ၏

သျှမ်းလူမျိုးများ လွှမ်းမိုးကြီးစိုးသော ခေတ်

သျှမ်းလူမျိုးများ လွှမ်းမိုးကြီးစိုးသော ခေတ် ပုဂံခေတ် AD- 1044 မှ -1077 အနော်ရထာမင်း နန်းတက်ပြီး AD- 1287 - ပုဂံ ပျက်သုဉ်းပြီးနောက် တစ်နယ် တစ်မင်း တစ်တပ် တစ်ဗိုလ် အကွဲကွဲ အပြားပြားဖြစ်ကာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး နှင့် ယဉ်ကျေးမှုတို့ အဖက်ဖက်တွင် ဆုတ်ယုတ်ပျက်ပြားနေခဲ့ရသည်။ ယင်းကာလကို ဂျီးအီး ဟာဗီနှင့် ပန်းဟောလ် အစရှိသည့် သမိုင်းပညာရှင်များက သျှမ်းလူမျိုးများ လွှမ်းမိုးကြီးစိုးသော ခေတ်ဟု မြန်မာနိုင်ငံ၏ သမိုင်းကို ပိုင်းခြားသတ်မှတ်ခြင်း ပြုကြသည်။