*အနန္တောအနန္တငါးပါး*

ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ဗုဒ္ဓ ဓမ္မ သံဃာ ဆရာ မိဘ
တည်းဟူသော အနန္တောအနန္တငါးပါးကို တစ်ဂိုဏ်းတည်း
ထား၍ ပူဇော်ကိုးကွယ်ကြရသည်။

*အနန္တောအနန္တငါးပါး*
~~~~~~~~~~~~
၁။ ဗုဒ္ဓဂုဏော အနန္တော
၂။ ဓမ္မဂုဏော အနန္တော
၃။ သံဃဂုဏော အနန္တော
၄။ မာတာပိတုဂုဏော အနန္တော
၅။ အာစရိယဂုဏော အနန္တော





*ဗုဒ္ဓဂုဏော -
မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်သည်
*အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။

*ဓမ္မဂုဏော -
တရားတော်၏ ဂုဏ်တော် ကျေးဇူးတော်သည်
*အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။

*သံဃာဂုဏော -
သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည်
*အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။

*မာတာမိတုဂုဏော -
အမိအဘတို့၏ ဂုဏ်တော် ကျေးဇူးတော်သည်
*အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။

*အာစရိယဂုဏော -
ဆရာသမားတို့၏ ဂုဏ်တော် ကျေးဇူးတော်သည်
*အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။

ဘုရား တရား သံဃာ ရတနာသုံးပါးနှင့် မိဘ ဆရာသမား
တို့၏ ဂုဏ်တော် ကျေးဇူးတော်တို့သည် အဆုံးမရှိ ကျယ်ဝန်း
ကြီးမား များပြားလှပေသည်။

Comments

Popular posts from this blog

လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

English လို ဘုရားရှိခိုးနည်း

မဂ္ဂင် ရှစ်ပါး အဓိပ္ပါယ်..