လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ
ဘုရားရှင် ဘာကြောင့် အကုန်သိတာလဲ… အသင်္ချေ သင်္ချေဆိုတာ ရေတွက်နိုင်တယ်လို့ဆိုတယ်။ အသင်္ချေဆိုတော့ မရေတွက်နိုင်ဘူးလို့ပြောတာ။ ဘုရားမပွင့်တဲ့သုညကမ္ဘာ ၊ ဘုရားတစ်ဆူပွင့်တဲ့သာရကမ္ဘာ၊ ဘုရားနှစ်ဆူပွင့်တဲ့မဏ္ဍကမ္ဘာ၊ ဘုရားသုံးဆူပွင့်တဲ့ဝရကမ္ဘာ၊ ဘုရားလေးဆူပွင့်တဲ့သာရမဏ္ဍကမ္ဘာ၊ ဘုရားငါးဆူပွင့်တဲ့ဘဒ္ဒကမ္ဘာ ဆိုပြီးရှိရာမှာ ကမ္ဘာ ကြာတဲ့ကာလတစ်ခုဖြစ်ပါတယ်။ (ကကမ္ဘာက နောက်မှာ တွက်ပြပါမယ်) လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလို့ဆိုတဲ့နေရာမှာ တွက်ပြပါမယ်။ ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမေဓာဘဝက နိယတဗျာဒိတ်တော်ခံယူတဲ့ ဒီပင်္ကရာဘုရားပွင့်တာ ဟာသာရမဏ္ဍကမ္ဘာဖြစ်တယ်။ ဘုရားလေးဆူပွင့်တယ်။